Tuesday, April 7, 2009

HDD ကို Format လုပ်ဆောင်နည်း



HDD ကို Format ချတာ ကျွန်တော်သိသလောက်တော့ ၂ မျိုးရှိပါတယ်။ Low level
format , High Level Format ဆိုပြီးတော့ပါ။ ခုကျွန်တော် Windows CD နဲ့
သို့မဟုတ် Windows က Format ချတာတွေက High level Format ဖြစ်ပါတယ်။ High
level Format က HDD မှာ ရှိတဲ့ Cluster, Sector, Track တွေကို နကို
အတိုင်း မပြောင်းလဲဘဲနဲ့ HDD မှာ ရှိတဲ့ Data တွေကိုသာ Format ချပြီးတော့
File System ( Table အသစ်ပြန်ရေးပေးသွားတာပါ။ Table ဆိုတာ Data သိမ်းမယ်
Cluster, Sector, Track လမ်းကြောင်း ကိုပြောတာပါ။) အသစ်
ထည်ဆောက်ပေးသွားတာပါ။ Higg level Format မှာတောင် Quick format , Normal
Format ရှိပါသေးတယ်။ quick Format နဲ့ဆိုရင် Data အဟောင်းတွေ
ပြန်ရနိုင်ပါတယ်။ Normal Format နဲ့ဆိုရင်တော့ Data တွေပြန်ရဖို့
မသေချာပါဘူး။
Low Level Format ကတေ HDD ကို အသစ်က နေ ပြန်စပေးသလိုပါပဲ။ Cluster,
Sector, Track တွေကို အသစ်ကြေငြာပြီးတော့ Format ချသွားတာပါ။ HDD အသစ်ကို
ပြန်သုံးရလိုဖြစ်သွားမှာပါ။ ဒါပေမယ့် HDD performance ကတော့
အသစ်ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ အရင်တုန်းက လာတဲ့ HDD တွေက User
တွေကိုယ်တိုင် low level format ကို အသုံးပြုရပါတယ်။ ခုနောက်ပိုင်းလာတဲ့
HDD တွေကတော့ low level Format ကို Factory က လုပ်ပေးပြီးသားပါ။
ကိုယ်တိုင်လုပ်ချင်ရင်လည်း ရပါတယ်။ ကျွန်တော် တခါမှမလုပ်ဖူးလို့
အသေးစိတ်ကိုတော့ မသိပါဘူး။ Low Level format က HDD မှာ ရှိတဲ့ Bad
Sector ကိုတောင် ပျောက်စေတယ်လို့ ဆိုပါတယ်။
Low Level Format ချပေးနိုင်တဲ့ software ကို share ပေးပါ့မယ်။ ခု
ကျွန်တော် အဆင်သင့်မရှိလို့ပါ။

HDD တွေပျက်ချင်လာရင်.. အရင်ဆုံးသိသာတာက File copy ကူးတဲ့ အချိန်ပါ။ HDD
အလုပ် အလုပ်ရဆုံး အချိန်မှာ HDD ကနေ အသံ ထွက်လာပါလိမ့်မယ်။ နောက်ပြီးတော့
Anti virus စစ်တဲ့အချိန်မှာပါ။ အသံထွက်နေပြီးဆိုရင် HDD performance
ကျနေပြီးလို့ ပြောလို့ရပါတယ်။ အသံ ပိုထွက်နေပြီးဆိုရင် HDD
အသစ်တစ်လုံးနဲ့ Backup လုပ်ထားသင့်ပါပြီး။
HDD performance ကြည့်လို့ရတဲ့ Software လေးလဲ ကျွန်တော် Share
ပေးပါ့မယ်။

ံHDD နဲ့ ပတ်သက်ပြီးတော့ logical theory, physical theory တွေက
အမျိုးမျိုး ပြောကြပါတယ်။ sector တွေက သံမှိုလေးတွေလို HDD ရဲ့ Drum
ပေါ်မှာ ရှိနေတယ်လို့လဲဆိုပါတယ်။ အချို့ပြောကြတာကတော့ HDD ထဲမှာ
သံလိုက်မှုန်လေးတွေက လည်နေတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်
သိတာနဲ့ပြောပြပါမယ်။ သံမှိုလေးတွေလို HDD ရဲ့ Drum ပေါ်မှာ အထောင်လေးတွေ
ရှိနေတာပါ။ အဲဒီသံမှိုလေးတွေကို Read Write Head က သံလိုက်ဆွဲအားနဲ့ Read
Write လုပ်ပါတယ်။ Head က အလုပ်လုပ်လို့မရဘဲ အဲဒီသံမှိုလေးတွေ ရှိနေတဲ့
sector က ပျက်ဆီသွားတာ ဆိုရင် အဲဒီ sector ကို Bad sector
လို့ပြောကြတာပါ။ Bad Sector ကို ရှောင်ပြီးတော့ Format ချရင် အဲဒီ HDD
ကို သုံးလို့ရပါတယ်။

HDD ကို Repair လုပ်ချရင် windows မှာပါတဲ့ software လေးတွေကို
အသုံးပြုတာနဲ့တင် လုံလောက်ပါတယ်။ HDD ထဲမှာ Data အပြည့်
မထည့်ထားသင့်ပါဘူး။ 15 % ချန်ထားပြီးတော့ ၁ လ တစ်ကြိမ် သို့မဟုတ် နှစ်လ
တစ်ကြိမ်လောက် Disk Defragmenter Run ပေးသင့်ပါတယ်။ Data တွေကို
လမ်းကြောင်းတူတာ ကို ပြန်လည်း စုစည်းပေးတဲ့အတွက် Data ရှာတာ၊
ထက်ထည့်တာတွေမှာ HDD က အလွယ်တကူပြုလုပ်နိုင်ပါတယ်။ Third Party Software
တွေလည်းရှိပါတယ်။


0 comments:

Post a Comment

Pages

Search This Blog

Recent posts from Lab of Web

 

Copyright © Thanlwinthar'blog Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger