Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ တခါတလေအပျော်သဘောမျိုးနဲ့ နောက်ပြောင်ချင်တာလေးတွေကြောင့် Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုရင် ပို့ကြည့်ပါ ...မရပါဘူး။
ဒါကိုရအောင်လုပ်ကြည့်ချင်တယ်...
ပေးလိုက်တာပါ.. စမ်းသပ်လုပ်ဆောင်ကြည့်ကြပါ။
ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ သုံးလုံးကို ပြောတာပါ။ ဥပမာ File name က abc.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ abc.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ abc.exe ဆိုရင် abc.def လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေး... မှာထားပေးရပါမယ်။
ကို အောက်ကအတိုင်းလုပ်ဆောင်ပြောင်းေ
* သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools>>> Folder Option ကိုသွားပြီး View tab ကလစ်ပါ။
* Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK ကလစ်ပါ။
* File ကို rename ပြောင်းလိုက်ပါ။ ဥပမာ.... abc.exe ဆိုရင် abc.def >>> Enter ခေါက်ပေးလိုက်ပါ။
* မိမိ ပို့ချင်ရာ မေလ်းအကောင့် တခုခုကိုပို့နိုင်ပါပြီး....
0 comments:
Post a Comment