Monday, April 20, 2009

About Using Gmail

0 comments
Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ တခါတလေအပျော်သဘောမျိုးနဲ့ နောက်ပြောင်ချင်တာလေးတွေကြောင့် Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုရင် ပို့ကြည့်ပါ ...မရပါဘူး။

ဒါကိုရအောင်လုပ်ကြည့်ချင်တယ်...စနောက်ချင်တာမျိုးဖြစ်ဖြစ်ပေါ့နော်.... မိမိ မေလ်းထဲကနေပို့နိုင်အောင် လုပ်လို့ရတဲ့နည်းလေးကိုမျှဝေပေ
ပေးလိုက်တာပါ.. စမ်းသပ်လုပ်ဆောင်ကြည့်ကြပါ။

ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ သုံးလုံးကို ပြောတာပါ။ ဥပမာ File name က abc.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ abc.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ abc.exe ဆိုရင် abc.def လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေး... မှာထားပေးရပါမယ်။

File extension ကို အောက်ကအတိုင်းလုပ်ဆောင်ပြောင်းပေးကြည့်ပါ။

* သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools>>> Folder Option ကိုသွားပြီး View tab ကလစ်ပါ။

* Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK ကလစ်ပါ။

* File ကို rename ပြောင်းလိုက်ပါ။ ဥပမာ.... abc.exe ဆိုရင် abc.def >>> Enter ခေါက်ပေးလိုက်ပါ။

* မိမိ ပို့ချင်ရာ မေလ်းအကောင့် တခုခုကိုပို့နိုင်ပါပြီး....

အားလုံးအဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေ... ရှင်းလင်းမှု့မရှိပါက စီဘောက်တွင်မေးထားနိုင်ပါသည်..
Read more ►

Shortcut For Window

0 comments
မိမိကွန်ပျုတာကိုသုံးနေရင်း.. တခါလေသွားလိုရာကို လျှင်မြန်စွာသွားနိုင်ဘို့.. Shortcut Key လေးတွေလိုရမယ်ရတင်ပေးလိုက်တာပါ.... မသုံးဘူးသေးတဲ့ သူများ တချို့ကို သိပြီးတချို့မသိသေးသူများ စမ်းသပ်သုံးကြည့်ကြပါနော်...jelir

တခါတလေတော့ ဒါလေးတွေကို သုံးပြီးကိုယ်သွားလိုရာကို လျှင်မြန်လွယ်ကူစွာသွားနိုင်တယ်လေ..ကျနော်က တော့အမြဲလိုလို သုံးနေကြပါ... OS အားလုံးတွက်တော့အသုံးဝင်ချင်မှဝင်မှာပါ ဆိုလိုတာက MAC အတွက်ကတော့ သီးသန့်ဖြစ်မှာပါ
နောင်ကြုံမှ ရေးတင်ပေးပါအုံးမယ်။peace

ကဲ... ဖတ်ကြည့်ကြပါနော်...တကယ်လို့ ကိုယ်တိုင်ဆောင်ထားချင်တယ် ဆိုရင်တာ့ C.box ကနေ မေလ်း
ထားထားခဲ့ပေးပါ ကျနော်ပို့ထားပေးပါ့မယ်..နော် sengihnampakgigi


Keyboard Shortcuts 1


မြန်မာသွေးအဖွဲ့မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်...ကျေးဇူးတင်ပါတယ်နော်...နည်းပညာများမျှဝေပေးတဲ့တွက်
Read more ►

Uninstall Program for Window XP

0 comments
peluk
တချို့စက်တွေမှာ.. များသောအားဖြင့်.. Window XP ကိုဆိုလိုတာပါ.... Add/Remove Program မှာမလိုချင်တော့တဲ့ တချို့ပရိုဂရမ် တွေဝင်ဖျက်တတ်ကြပါတယ်...ဒါပေမဲ့တခါတလေမှာ တချို့ ပရိုဂရမ်တွေက ဖျက်ရတာလွယ်ပေမဲ့....တချို့ ပရိုဂရမ်တွေ ဆို ဖျက်သာဖျက်လိုက်ပေမဲ့ မိမိစက်က မထွက်သွားဘဲ ကျန်နေတတ်ပါတယ်။ ဒီအတွက် Registry ကနေ Delete လုပ်လို့လဲရပါတယ်.. မသိသေးတဲ့သူများအတွက်ရည်ရွယ်ပြီး ဒီပို့စ်လေးရေးဖြစ်တာပါ။

Window XP.အတွက်လုပ်ဆောင်ကြည့်နိုင်ပါတယ်..

  • ပထမဦးဆုံး Srart >>>> Run box ကိုသွားလိုက်ပါ။
  • Run box တတ်လာရင် ... regedt32 .. လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
  • HKEY_LOCAL_MACHINE>>>SOFTWARE>>>Microsoft>>>Windows>>>CurrentVersion>>>>>>Uninstall ထိရောက်အောင် အဆင့်ဆင့်ကလစ် ပြီးသွားလိုက်ပါ။
  • click the key, and then view the following values in the details pane on the right,DisplayName: The value data for the DisplayName key is the name that is listed in Add or Remove Programs.

တချို့ ဒီထက်ရှင်းပြီးလွယ်ကူတဲ့နည်းတွေလဲ ရှိကောင်းရှိနိုင်မှာပါ သိသလောက်ကိုဘဲ ပို့စ်လေးတခုအဖြစ်ရေးလိုက်တာပါ။

အဲဒီ အဆင့်တွေနဲ့မှ ဖျက်မရဘူးဆိုတဲ့သူများအတွက်...အောက်က Portable Uninstaller နဲ့ဖျက်ကြည့်နိုင်ဘို့ အောက်မှာလိုအပ်သလိုဒေါင်းယူပြီးသုံးကြည့်နိုင်ကြပါတယ်။ ဖိုင်လေးကို ဒေါင်းပြီးဖြေလိုက်ပါ အထဲမှာ Keygen ပါပါတယ်။

Download Here For Portable Uninstaller.

Portable မို့လို့ သူကို အင်စတောလုပ်စရာမလိုပါဘူး ... ဖိုင်လေးကို Double Click လုပ်ပြီး key တောင်းတဲ့
box တခုတတ်လာရင် ကီး ထည့်ပေးလိုက်ပါ။ User name မှာတော့ ကိုယ့်နှစ်သက်ရာပေးလိုက်ပါ။အားလုံးပြီး သွားပြီးဆိုရင် ကိုယ့်စက်မှာ install လုပ်ထားတာတွေကို တွေ့မှာပါ အဲမှာ ကိုယ်မလိုချင်တာတွေ ဖြုတ်နိုင်ပါပြီး။ ကိုယ်အသုံးမလိုတဲ့ Software တွေကို Click or Check လုပ်ပြီး ထောင့်နားက Uninstall ဆိုတာကို ကလစ်ပေးလိုက်ရင်ရပါပြီး။

အကယ်၍ Fileden ကဒေါင်းတာ အဆင်မပြေသူများအတွက် ဒီနေရာကနေဒေါင်းလုပ်လုပ်ကြည့်ပါ။

Download Here.

အဆင်ပြေနိုင်ကြပါစေ....


Read more ►

Monday, April 13, 2009

Window Lock ကို ဖျောက်ထားခြင်း

0 comments
Windows+L keys ဆိုတာ ကွန်ပျူတာကို Lock ချတာပါ..XP နဲ့ Vista မှာပေါ့...အဲ့ဒါကို Disable/Enable လုပ်ချင်ရင် လုပ်ဆောင်နည်းလေးပါ။
တချို့ အလုပ်ထဲက..နေ ဂျီတော ( သို့ ) တခြား ချတ်ရွမ်းတွေမှာချတ်ကြတာဆိုရင်... ချက်ချင်းပိတ်ဘို့ခက်
တာကိုး... ဒါကို တခြားသူမသိစေချင်ရင် Window Key + L ကို ကလစ်လိုက်တာနဲ့ ကွန်ပျူတာက Lock
ဖြစ်သွားပါတယ်... ဒါကို အရင်ဝင်တဲ့ စကားဝှက်ပြန်ရိုက်ထည့်ပြီး ၀င်မှရတာပါ.. အဲတခုတော့ရှိတာပေါ့နော်
အရင် ဖွင့်ထားတဲ့ ၀င်းဒိုးတွေတော့မပိတ်သွားဘူးလေ... စက်ကို.. အရင် Log in ၀င်သလိုပုံဘဲမြင်နေရတာ
ကိုး....

ဒါကို မနှစ်သက်လို့.. Lock ကို ဖျောက်ထားချင်တယ်ဆိုလဲ ရပါတယ်။ အောက်ကတိုင်း အဆင့်ဆင့်လုပ်ဆောင်ပေးသွားလိုက်ပါ။


  • Start menu search box (သို့) Run box ကိုဖွင့်ပြီး regedit.exe လို့ရိုက်ထည့်လိုက်ပါ။
  • Registry Editorပေါ်လာရင် အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ...
HKEY_CURRENT_USER>>>Software\Microsoft>>>Windows>>>CurrentVersion>>>Policies>>>System

  • ရောက်ပြီဆိုရင် ညာဘက်မှာ new DWORD 32-bit တစ်ခုလုပ်ပေးလိုက်ပါ။
  • Disable Lock Workstation နဲ့ value ကို 1 လို့ ပေးလိုက်ပါ..အဲ့ဒါက Disable အတွက်ပါ။
  • Enable အတွက်ဆိုရင် Enable Lock Workstation ၊ value က 0 (သုည)လို့ထားလိုက်ရုံပါပဲ..

Read more ►

Tuesday, April 7, 2009

HDD ကို Format လုပ်ဆောင်နည်း

0 comments


HDD ကို Format ချတာ ကျွန်တော်သိသလောက်တော့ ၂ မျိုးရှိပါတယ်။ Low level
format , High Level Format ဆိုပြီးတော့ပါ။ ခုကျွန်တော် Windows CD နဲ့
သို့မဟုတ် Windows က Format ချတာတွေက High level Format ဖြစ်ပါတယ်။ High
level Format က HDD မှာ ရှိတဲ့ Cluster, Sector, Track တွေကို နကို
အတိုင်း မပြောင်းလဲဘဲနဲ့ HDD မှာ ရှိတဲ့ Data တွေကိုသာ Format ချပြီးတော့
File System ( Table အသစ်ပြန်ရေးပေးသွားတာပါ။ Table ဆိုတာ Data သိမ်းမယ်
Cluster, Sector, Track လမ်းကြောင်း ကိုပြောတာပါ။) အသစ်
ထည်ဆောက်ပေးသွားတာပါ။ Higg level Format မှာတောင် Quick format , Normal
Format ရှိပါသေးတယ်။ quick Format နဲ့ဆိုရင် Data အဟောင်းတွေ
ပြန်ရနိုင်ပါတယ်။ Normal Format နဲ့ဆိုရင်တော့ Data တွေပြန်ရဖို့
မသေချာပါဘူး။
Low Level Format ကတေ HDD ကို အသစ်က နေ ပြန်စပေးသလိုပါပဲ။ Cluster,
Sector, Track တွေကို အသစ်ကြေငြာပြီးတော့ Format ချသွားတာပါ။ HDD အသစ်ကို
ပြန်သုံးရလိုဖြစ်သွားမှာပါ။ ဒါပေမယ့် HDD performance ကတော့
အသစ်ပြန်ဖြစ်မှာ မဟုတ်ပါဘူး။ အရင်တုန်းက လာတဲ့ HDD တွေက User
တွေကိုယ်တိုင် low level format ကို အသုံးပြုရပါတယ်။ ခုနောက်ပိုင်းလာတဲ့
HDD တွေကတော့ low level Format ကို Factory က လုပ်ပေးပြီးသားပါ။
ကိုယ်တိုင်လုပ်ချင်ရင်လည်း ရပါတယ်။ ကျွန်တော် တခါမှမလုပ်ဖူးလို့
အသေးစိတ်ကိုတော့ မသိပါဘူး။ Low Level format က HDD မှာ ရှိတဲ့ Bad
Sector ကိုတောင် ပျောက်စေတယ်လို့ ဆိုပါတယ်။
Low Level Format ချပေးနိုင်တဲ့ software ကို share ပေးပါ့မယ်။ ခု
ကျွန်တော် အဆင်သင့်မရှိလို့ပါ။

HDD တွေပျက်ချင်လာရင်.. အရင်ဆုံးသိသာတာက File copy ကူးတဲ့ အချိန်ပါ။ HDD
အလုပ် အလုပ်ရဆုံး အချိန်မှာ HDD ကနေ အသံ ထွက်လာပါလိမ့်မယ်။ နောက်ပြီးတော့
Anti virus စစ်တဲ့အချိန်မှာပါ။ အသံထွက်နေပြီးဆိုရင် HDD performance
ကျနေပြီးလို့ ပြောလို့ရပါတယ်။ အသံ ပိုထွက်နေပြီးဆိုရင် HDD
အသစ်တစ်လုံးနဲ့ Backup လုပ်ထားသင့်ပါပြီး။
HDD performance ကြည့်လို့ရတဲ့ Software လေးလဲ ကျွန်တော် Share
ပေးပါ့မယ်။

ံHDD နဲ့ ပတ်သက်ပြီးတော့ logical theory, physical theory တွေက
အမျိုးမျိုး ပြောကြပါတယ်။ sector တွေက သံမှိုလေးတွေလို HDD ရဲ့ Drum
ပေါ်မှာ ရှိနေတယ်လို့လဲဆိုပါတယ်။ အချို့ပြောကြတာကတော့ HDD ထဲမှာ
သံလိုက်မှုန်လေးတွေက လည်နေတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်
သိတာနဲ့ပြောပြပါမယ်။ သံမှိုလေးတွေလို HDD ရဲ့ Drum ပေါ်မှာ အထောင်လေးတွေ
ရှိနေတာပါ။ အဲဒီသံမှိုလေးတွေကို Read Write Head က သံလိုက်ဆွဲအားနဲ့ Read
Write လုပ်ပါတယ်။ Head က အလုပ်လုပ်လို့မရဘဲ အဲဒီသံမှိုလေးတွေ ရှိနေတဲ့
sector က ပျက်ဆီသွားတာ ဆိုရင် အဲဒီ sector ကို Bad sector
လို့ပြောကြတာပါ။ Bad Sector ကို ရှောင်ပြီးတော့ Format ချရင် အဲဒီ HDD
ကို သုံးလို့ရပါတယ်။

HDD ကို Repair လုပ်ချရင် windows မှာပါတဲ့ software လေးတွေကို
အသုံးပြုတာနဲ့တင် လုံလောက်ပါတယ်။ HDD ထဲမှာ Data အပြည့်
မထည့်ထားသင့်ပါဘူး။ 15 % ချန်ထားပြီးတော့ ၁ လ တစ်ကြိမ် သို့မဟုတ် နှစ်လ
တစ်ကြိမ်လောက် Disk Defragmenter Run ပေးသင့်ပါတယ်။ Data တွေကို
လမ်းကြောင်းတူတာ ကို ပြန်လည်း စုစည်းပေးတဲ့အတွက် Data ရှာတာ၊
ထက်ထည့်တာတွေမှာ HDD က အလွယ်တကူပြုလုပ်နိုင်ပါတယ်။ Third Party Software
တွေလည်းရှိပါတယ်။


Read more ►

About Hard Disk

0 comments

  • Hard Disk ကိုမလိုအပ်ပဲနဲ ခဏခဏ format ချမယ်ဆိုရင် Hard Disk performance
    ကိုထိခိုက်နိုင်ပါတယ်။ ဘာလိုဆိုရင် Hard disk က Data တွေကို သူရဲမျက်နှာပြင်မှာ
    သံလိုက်စက်ကွင်းပုံစံနဲ သိမ်းဆည်းထားပါတယ်။ Format ချလိုက်ပေမဲ့လည်း
    ဒီသံလိုက်စက်ကွင်းတွေဟာ တော်တော်နဲ့ပျောက်မသွားနိုင်ပါဘူး။
    ဒါကြောင်ကျွန်တော်တွေက Backup Software တွေ့နဲ့
    မှားပြီးဖျက်လိုက်ရင်တောင်ပြန်ရှာလိုရပါတယ်။ ဒါကြောင် Hard Disk ကိုမလိုအပ်ရင်
    Format မချသင့်ပါဘူး
  • Hard Disk တစ်ခုနဲ့တစ်ခု ပျက်တာခြင်းမတူကြပါဘူး။ တစ်ချိုက အသံတွေမြည်လာတယ်ဒါက hard disk အတွင်းမှာရှိတဲ Data Read/ Write လုပ်ပေးတဲ့မောင်းတံလေးကမကောင်းလိုပါ။ နောက်တစ်မျိုးက over heat တက်တာပါ hard disk မှာရှိတဲ circuit လေးတွေကြောင့်ပါ။

Read more ►

ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးနည်း

0 comments


♣ ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးနည်း

ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ
စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Antivirus Software မရှိဘဲ စစ်ဆေး နိုင်တဲ့
နည်းလမ်းများစွားရှိပါသည်။ အရင်ဆုံးစစ်ဆေးကြည့်ရှုရမှာကတော့

• Tools Menu က Folder Options ပျောက်နေခြင်း
* Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပြူတာ
Restart ကျနေခြင်း
* Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager
ဖွင့်မရခြင်း
* Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
* Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder
ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လာခြင်း
* Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က
ထိပ်ဆုံးရောက်နေ မယ့်အစား Auto play က ထိပ်ဆုံးရောက်နေခြင်း
* Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း Open
With Box ပဲပေါ်လာခြင်း
* Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties
ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application
လို့ပေါ်နေခြင်း
* My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း
(Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
* Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder
စတဲ့ Process တွေနဲ့ မသင်္ကာ ဖွယ်ရာ Process တွေ Run နေခြင်း

အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပြူတာမှာ သေချာသလောက်နီးပါး
Virus or Trojan or spyware တစ်ခုခုစက်ထဲမှာရှိနေပြီလို့ယူဆနိုင်ပါသည်။
အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာ အောင် Antivirus
Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။
Virus ၀င်တာသေချာပြီးဆိုရင် တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup
တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus က အန္တရာယ်
ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင်
Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို
Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task
Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး
ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။


Read more ►

င်္For Vista Screen Capture

0 comments

Windows Vista မှာပါတဲ့ Screen Capture Tool လေးဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီ Tool လေးကို သတိမထား မိခဲ့ပါဘူး၊ Screen Capture လုပ်မယ်ဆိုရင်... Windows ကနေ Capture ကို Paint ကနေတဆင့်လုပ်ပါတယ်။ အဆင်မပြေပါဘူး.. အခု Snipping tool လေးက Windows Vista မှာပါတဲ့ Tool ဖြစ်တဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ Start > Seach box မှာ Snip လို့ ရိုက်လိုက်ရင် Snipping tool ကိုတွေ့ ရမှာဖြစ်ပါတယ်။ သိပြီးတဲ့သူတွေ အတွက်ကတော့ မလိုပေမဲ့ မသိသေးတဲ့ သူတွေ တွက် မျှဝေလိုက်တာပါ ။



garupaleros
Read more ►

Monday, April 6, 2009

0 comments
လာရောက်လည်ပတ်ကြသူတွေ ပျော်ရွင်မှု့အပေါင်းနဲ့ ခညောင်းနိုင်ပါစေလို့... ဆုတောင်းပေးလိုက်ပါတယ်နော်.... ပျော်ရွှင်ကြပါစေ
Read more ►

Pages

Search This Blog

Recent posts from Lab of Web

 

Copyright © Thanlwinthar'blog Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger