
တချို့နေရာ ကွန်နက်ရှင်အခက်အခဲကြောင့် ဒေါင်းလုပ် အဆင်ပြေအောင်... နေရာ ၂ခုကတင်ပေးထားတယ် .. နှစ်သက်ရာ နေရာက ဒေါင်းနိုင်အောင်ပါ။
အဆင်ပြေကြပါစေဗျာ..

HDD တွေပျက်ချင်လာရင်.. အရင်ဆုံးသိသာတာက File copy ကူးတဲ့ အချိန်ပါ။ HDD
အလုပ် အလုပ်ရဆုံး အချိန်မှာ HDD ကနေ အသံ ထွက်လာပါလိမ့်မယ်။ နောက်ပြီးတော့
Anti virus စစ်တဲ့အချိန်မှာပါ။ အသံထွက်နေပြီးဆိုရင် HDD performance
ကျနေပြီးလို့ ပြောလို့ရပါတယ်။ အသံ ပိုထွက်နေပြီးဆိုရင် HDD
အသစ်တစ်လုံးနဲ့ Backup လုပ်ထားသင့်ပါပြီး။
HDD performance ကြည့်လို့ရတဲ့ Software လေးလဲ ကျွန်တော် Share
ပေးပါ့မယ်။
ံHDD နဲ့ ပတ်သက်ပြီးတော့ logical theory, physical theory တွေက
အမျိုးမျိုး ပြောကြပါတယ်။ sector တွေက သံမှိုလေးတွေလို HDD ရဲ့ Drum
ပေါ်မှာ ရှိနေတယ်လို့လဲဆိုပါတယ်။ အချို့ပြောကြတာကတော့ HDD ထဲမှာ
သံလိုက်မှုန်လေးတွေက လည်နေတယ်လို့လည်း ဆိုပါတယ်။ ကျွန်တော်
သိတာနဲ့ပြောပြပါမယ်။ သံမှိုလေးတွေလို HDD ရဲ့ Drum ပေါ်မှာ အထောင်လေးတွေ
ရှိနေတာပါ။ အဲဒီသံမှိုလေးတွေကို Read Write Head က သံလိုက်ဆွဲအားနဲ့ Read
Write လုပ်ပါတယ်။ Head က အလုပ်လုပ်လို့မရဘဲ အဲဒီသံမှိုလေးတွေ ရှိနေတဲ့
sector က ပျက်ဆီသွားတာ ဆိုရင် အဲဒီ sector ကို Bad sector
လို့ပြောကြတာပါ။ Bad Sector ကို ရှောင်ပြီးတော့ Format ချရင် အဲဒီ HDD
ကို သုံးလို့ရပါတယ်။
ကိုယ့်ကွန်ပြူတာမှာ Virus ရှိ၊ မရှိကို အလွယ်တကူ
စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Antivirus Software မရှိဘဲ စစ်ဆေး နိုင်တဲ့
နည်းလမ်းများစွားရှိပါသည်။ အရင်ဆုံးစစ်ဆေးကြည့်ရှုရမှာကတော့
• Tools Menu က Folder Options ပျောက်နေခြင်း
* Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပြူတာ
Restart ကျနေခြင်း
* Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager
ဖွင့်မရခြင်း
* Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း
* Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder
ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လာခြင်း
* Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က
ထိပ်ဆုံးရောက်နေ မယ့်အစား Auto play က ထိပ်ဆုံးရောက်နေခြင်း
* Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း Open
With Box ပဲပေါ်လာခြင်း
* Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties
ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application
လို့ပေါ်နေခြင်း
* My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း
(Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)
* Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder
စတဲ့ Process တွေနဲ့ မသင်္ကာ ဖွယ်ရာ Process တွေ Run နေခြင်း
အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပြူတာမှာ သေချာသလောက်နီးပါး
Virus or Trojan or spyware တစ်ခုခုစက်ထဲမှာရှိနေပြီလို့ယူဆနိုင်ပါသည်။
အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာ အောင် Antivirus
Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။
Virus ၀င်တာသေချာပြီးဆိုရင် တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup
တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus က အန္တရာယ်
ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင်
Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို
Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task
Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး
ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။
မင်္ဂလာပါလို့.. နှုတ်ခွန်းဆက်သရင်း... လာရောက်လည်ပတ်သွားတဲ့အတွက်.. ကျေးဇူးတင်ပါတယ်..လို့ ထပ်ဆင့်ပြောကြားလိုက်ပါတယ်.. သံလွင်သား
Copyright © Thanlwinthar'blog Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger