Wednesday, July 29, 2009

Find keygen Software

0 comments


ကွန်ပျူတာသုံးတဲ့ သူတိုင်းတခါတလေတော့ ကိုယ့် ကွန်ပျူတာမှာ ကိုယ်သွင်းထားတဲ့ Software တွေများလာတော့.. ဘယ် ဆော့ဝဲလ် ကို ဘာကီးထည့်ထား မှန်းမသိကြ မမှတ်မိကြပါဘူး ဒီအတွက် ကီးတွေကို ပြန်ရှာချင်တယ် .. မှတ်ထားချင်တယ်ဆိုရင်... ရှာနိုင်တဲ့ ဆော့ဝဲလ် တခုမျှဝေလိုက်တာပါ။



ကျနော်လဲ ဖြစ်ဘူးတယ်လေ... တခါတလေ ဘယ်ဆော့ဝဲလ် မှာ ဘာကီးထည့်ထားမှန်းကို မသိတာ ဒီတော့ ဒီကောင်လေးက အသုံးဝင်တယ်ဗျာ.. ဥပမာ ပေါ့ဗျာ.... ကိုယ် ၀င်းဒိုးတင်တုံးက ထည့်ထားတဲ့ကီး နောက် ၀င်းဒိုးပြန်တင်ချင်တယ်ဆိုတော့ မသိတော့ဘူးဗျ... ခု ဒီဆော့ဝဲလ်လေး က ကိုယ့် ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Software တွေရဲ့ Keygen ကို သူက ရှာဖွေပေးနိုင်တယ်လေ ဒါကြောင့် လိုအပ်တဲ့သူ တွေ သုံးချင်သုံးကြည့်ကြပါ ဖိုင်ဆိုဒ်လဲ မကြီးပါဘူး ..

တချို့နေရာ ကွန်နက်ရှင်အခက်အခဲကြောင့် ဒေါင်းလုပ် အဆင်ပြေအောင်... နေရာ ၂ခုကတင်ပေးထားတယ် .. နှစ်သက်ရာ နေရာက ဒေါင်းနိုင်အောင်ပါ။

Download From Fileden

Download From Ifile


အဆင်ပြေကြပါစေဗျာ.. biggrin






Read more ►

Monday, July 27, 2009

Youtube ကို Gtalk ကနေကြည့်ခြင်း

0 comments
Gtalk ကို တော်တော်များများ အသုံးပြုကြတာများပါတယ်.. ခုပြောမှာကလဲ ဂျီတောကနေ ချတ်နေရင်း ကနေ တခြား သူငယ်ချင်းတွေ နဲ့ Youtube က နေသီချင်းဗွီဒီယို လေးတွေပါကြည့်နိုင်တဲ့ နည်းလေးပါ .... တနေ့က မြန်မာက သူငယ်ချင်း တဦးပြောပြ တာကို ကူညီရင်း တခြား မသိသေးသူတွေ လဲ သိစေချင်တာကြောင့် မျှဝေတင်ပေးလိုက်တာပါ။ သိထားနှင့်သူ များတော့ ဒီအဆင့်လေး ကို ကျော်သွားကြပေါ့.. ဗျာ razz







ဒီပုံလေးကို ကြည့်ရင် သိမှာပါ ဂျီတောက နေ ယူကျူ့လင့်လေး တင်ပေးလိုက်ရင် တဘက်က ကိုယ်ချတ်နေတဲ့ သူငယ်ချင်း ဘက်မှာ ကလစ်ပြီး ကြည့်နိုင်မှာပါ။





အထူးသဖြင့် မြန်မာ ကနေ အွန်လိုင်း တတ်လာတဲ့သူငယ်ချင်း တွေ အတွက် တော်တော်အဆင်ပြေနိုင် မယ်ထင်ပါတယ်.....

ကဲ.. လုပ်နည်းလေး ပြောပြကြည့်မယ်...

အဓိက လိုအပ်မှာကတော့ Gtheme Version 2.0 rar ဖိုင်လေးဘဲလိုမှာပါ... မရှိသေးရင် ဒေါင်းလိုက်ပါ။
ဒေါင်းလုပ် လုပ်ပြီးရင် အင်စတောလုပ်ဘို့တွက် Install.exe ဖိုင်လေးကို ဖြေပြီး အင်စတောလုပ်ပေးလိုက်ပါ။ တခုတော့ လုပ်ထားဘို့လိုမယ်ဗျာ.... ဖွင့်ထားတဲ့ ဂျီတော ကို တော့ ပိတ်ထားပေးရပါလိမ့်မယ်။ အားလုံးလုပ်ပြီး သွားပြီးဆိုရင်တော့ ဂျီတော ကိုပြန်ဖွင့်ပြီး Setting ကို သွားပါ ။ Setting ထဲက Apperance ဆိုတာကို ရှာပါ.. အဲဒီမှာ Sravi Chat Theme ကိုရွေးပေးလိုက်ပါ။ ဒါဆိုရင် Gtheme Version ကို လုပ်ဆောင်ခြင်းအပိုင်းပြီးဆုံးသွားပါပြီး။

ဒါပေမဲ့ .. Gtalk chat Window မှာ အသုံးပြုချင်ရင်တော့ .. ရှေကနေ ကုတ်တချို့ခံပေးမှ အသုံးဝင်ပါလိမ့်မယ် ။

  • Youtube Video ကို အသုံးပြုချင်တယ်ဆို ရင် sarvi:utube: < ဒီမှာလင့်ထည့်ပေးပါ>

  • Google Video ကို အသုံးပြုချင်တယ် ဆိုရင် sarvi:gvideo:<ဒီမှာလင့်ထည့်ပေးပါ>

အပေါ်မှာ ကျနော်တင်ထားတဲ့ ပုံလေးက အောက်က ကုတ်အတိုင်း လေးတင်ထားတာပါ.....

sravi:utube:

ကျနော်သုံးကြည့်ထားသလောက်တော့ Google Video, Youtube အပြင်တခြား TV Channel နဲ့ Radio Channel တွေကိုလဲ ကြည့်နိုင်ပါတယ်။

တခုတော့ ရှိတာပေါ့ဗျာ... တဘက် ကိုယ့်သူငယ်ချင်း ဘက်မှာ လဲ အထက်က Gtheme ကိုတော့ အင်စတော လုပ်ထားဘို့တော့ လိုမှာပါ။ ဒါဆိုရင် အထူးသဖြင့် မြန်မာပြည်က နေ ဂျီတောချတ် နေကြတဲ့ သူငယ်ချင်းတွေ Youtube က သီချင်းတွေကိုကြည့်နိုင်ပါလိမ့်မယ်။

အကယ်၍ Gtalk Background လေးပါ ပြောင်းသုံးချင်သေးတယ် ဆိုရင်ပေါ့.. ဒီအတိုင်းဝင်ပြင်ပေးလိုက်ကြည့်ပါ။

Start >>> All Program >>> Gtheme >>> Change Background ကို အဆင့်ဆင့် ကလစ်သွားပြီး ကိုယ်နှစ်သက်ရာပြောင်းနိုင်ပါတယ်။ ဒါပေမဲ့ ပုံဆိုဒ်ကိုတော့ 300 x 225 လောက်ဘဲထားပေးသင့်ပါတယ်.. သိပ်ကြီးသွားမယ် ဆိုရင်တော့ ပုံ မဆန့်နိုင်မှာမို့ပါ။

Emotion Icon တွေပါ သုံးချင်တယ် ဆိုရင် တော့ အရင်ဒေါင်းထားတဲ့ ဖိုင်မှာ Readme.txt ဖိုင်လေးကို ကလစ်ဖွင့်ပြီး နှစ်သက်ရာ အိုင်ကွန်လေး တွေတွဲသုံးနိုင်ပါတယ်။

--->>> Dwonload Gtheme Version 2.0 <<<---

--->>> ifile မှ ဒေါင်းလိုသူများ ဒီနေရာ ကနေဒေါင်းနိုင်ပါတယ်။

နားလည်သလောက်ရေးလိုက်တာပါ... ကျနော့်ရေးသားချက် ကြောင့် မရှင်းတာရှိလဲ စီဘောက်မှာ အော်ထားခဲ့ကြပေါ့ဗျာ..

အဆင်ပြေကြပါစေ mrgreen

မြန်မာနိုင်ငံမှ ဂျီတောအသုံးပြုသူ သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေ




Read more ►

Tuesday, June 16, 2009

SMS ပို့ဆောင်ခြင်း

0 comments

ဒီနေ့အားနေတဲ့ ဟိုလိုက်ရှာဒီလိုက်ရှာနဲ့ googling လုပ်ရင်း ကွန်ပျူတာအသုံးပြုရင်း မိမိခင်မင်နှစ်သက်ရာသူငယ်ချင်း
တွေဆီကို ကွန်ပျူတာအသုံးပြုရင်းနေ ကိုယ်ပို့ချင်သူထံကို မက်ဆေ့ ပို့လို့ရတဲ့..၀ပ်ဆိုဒ်လေးတွေကို တွေ့မိလိုက်တာ
ကြောင့် ကျနော်လိုဘဲ..အားရင် ကလိချင်ကြသူတွေလဲ ကလိလို့ရအောင် မျှဝေပေးလိုက်တာပါ ...နော် ကျနော်တော့
မပို့ကြည့်ရသေးပါဘူး ပို့ချင်ကြသူ လက်တည့်စမ်းလိုကြသူတွေ စမ်းသပ်ချင် စမ်းသပ်ကြည့်နိုင်ကြဘို့ပါ ..

ကဲ... အောက်ကလင့်တွေမှာ စမ်းသပ်လုပ်ဆောင်ကြည့်ကြပေါ့နော်.. ( ရ..မရ တော့သိဝူးနော်.. :D )

* Singapore ( စလုံး ဆိုတဲ့မြို့ကိုနော် ) >>>> ဒီနေရာမှာ <<<

မှတ်ချက် ။ ။ တခြားနိုင်ငံက နေ စလုံးက ဖုန်းကိုသာပို့ရမှာဖြစ်ပါတယ်။

* မလေးရှားနိုင်ငံ သို့ >>>> ဒီနေရာမှာကလစ်သွားပါ <<<


* နိုင်ငံအားလုံးသို့ >>>> ဒီနေရာကနေသွားပါ <<<


အဆင်ပြေကြပါစေဗျာ

Read more ►

Monday, April 20, 2009

About Using Gmail

0 comments
Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ တခါတလေအပျော်သဘောမျိုးနဲ့ နောက်ပြောင်ချင်တာလေးတွေကြောင့် Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုရင် ပို့ကြည့်ပါ ...မရပါဘူး။

ဒါကိုရအောင်လုပ်ကြည့်ချင်တယ်...စနောက်ချင်တာမျိုးဖြစ်ဖြစ်ပေါ့နော်.... မိမိ မေလ်းထဲကနေပို့နိုင်အောင် လုပ်လို့ရတဲ့နည်းလေးကိုမျှဝေပေ
ပေးလိုက်တာပါ.. စမ်းသပ်လုပ်ဆောင်ကြည့်ကြပါ။

ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။ File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ သုံးလုံးကို ပြောတာပါ။ ဥပမာ File name က abc.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ abc.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ abc.exe ဆိုရင် abc.def လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေး... မှာထားပေးရပါမယ်။

File extension ကို အောက်ကအတိုင်းလုပ်ဆောင်ပြောင်းပေးကြည့်ပါ။

* သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools>>> Folder Option ကိုသွားပြီး View tab ကလစ်ပါ။

* Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK ကလစ်ပါ။

* File ကို rename ပြောင်းလိုက်ပါ။ ဥပမာ.... abc.exe ဆိုရင် abc.def >>> Enter ခေါက်ပေးလိုက်ပါ။

* မိမိ ပို့ချင်ရာ မေလ်းအကောင့် တခုခုကိုပို့နိုင်ပါပြီး....

အားလုံးအဆင်ပြေစွာလုပ်ဆောင်နိုင်ကြပါစေ... ရှင်းလင်းမှု့မရှိပါက စီဘောက်တွင်မေးထားနိုင်ပါသည်..
Read more ►

Shortcut For Window

0 comments
မိမိကွန်ပျုတာကိုသုံးနေရင်း.. တခါလေသွားလိုရာကို လျှင်မြန်စွာသွားနိုင်ဘို့.. Shortcut Key လေးတွေလိုရမယ်ရတင်ပေးလိုက်တာပါ.... မသုံးဘူးသေးတဲ့ သူများ တချို့ကို သိပြီးတချို့မသိသေးသူများ စမ်းသပ်သုံးကြည့်ကြပါနော်...jelir

တခါတလေတော့ ဒါလေးတွေကို သုံးပြီးကိုယ်သွားလိုရာကို လျှင်မြန်လွယ်ကူစွာသွားနိုင်တယ်လေ..ကျနော်က တော့အမြဲလိုလို သုံးနေကြပါ... OS အားလုံးတွက်တော့အသုံးဝင်ချင်မှဝင်မှာပါ ဆိုလိုတာက MAC အတွက်ကတော့ သီးသန့်ဖြစ်မှာပါ
နောင်ကြုံမှ ရေးတင်ပေးပါအုံးမယ်။peace

ကဲ... ဖတ်ကြည့်ကြပါနော်...တကယ်လို့ ကိုယ်တိုင်ဆောင်ထားချင်တယ် ဆိုရင်တာ့ C.box ကနေ မေလ်း
ထားထားခဲ့ပေးပါ ကျနော်ပို့ထားပေးပါ့မယ်..နော် sengihnampakgigi


Keyboard Shortcuts 1


မြန်မာသွေးအဖွဲ့မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်...ကျေးဇူးတင်ပါတယ်နော်...နည်းပညာများမျှဝေပေးတဲ့တွက်
Read more ►

Uninstall Program for Window XP

0 comments
peluk
တချို့စက်တွေမှာ.. များသောအားဖြင့်.. Window XP ကိုဆိုလိုတာပါ.... Add/Remove Program မှာမလိုချင်တော့တဲ့ တချို့ပရိုဂရမ် တွေဝင်ဖျက်တတ်ကြပါတယ်...ဒါပေမဲ့တခါတလေမှာ တချို့ ပရိုဂရမ်တွေက ဖျက်ရတာလွယ်ပေမဲ့....တချို့ ပရိုဂရမ်တွေ ဆို ဖျက်သာဖျက်လိုက်ပေမဲ့ မိမိစက်က မထွက်သွားဘဲ ကျန်နေတတ်ပါတယ်။ ဒီအတွက် Registry ကနေ Delete လုပ်လို့လဲရပါတယ်.. မသိသေးတဲ့သူများအတွက်ရည်ရွယ်ပြီး ဒီပို့စ်လေးရေးဖြစ်တာပါ။

Window XP.အတွက်လုပ်ဆောင်ကြည့်နိုင်ပါတယ်..

  • ပထမဦးဆုံး Srart >>>> Run box ကိုသွားလိုက်ပါ။
  • Run box တတ်လာရင် ... regedt32 .. လို့ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။
  • HKEY_LOCAL_MACHINE>>>SOFTWARE>>>Microsoft>>>Windows>>>CurrentVersion>>>>>>Uninstall ထိရောက်အောင် အဆင့်ဆင့်ကလစ် ပြီးသွားလိုက်ပါ။
  • click the key, and then view the following values in the details pane on the right,DisplayName: The value data for the DisplayName key is the name that is listed in Add or Remove Programs.

တချို့ ဒီထက်ရှင်းပြီးလွယ်ကူတဲ့နည်းတွေလဲ ရှိကောင်းရှိနိုင်မှာပါ သိသလောက်ကိုဘဲ ပို့စ်လေးတခုအဖြစ်ရေးလိုက်တာပါ။

အဲဒီ အဆင့်တွေနဲ့မှ ဖျက်မရဘူးဆိုတဲ့သူများအတွက်...အောက်က Portable Uninstaller နဲ့ဖျက်ကြည့်နိုင်ဘို့ အောက်မှာလိုအပ်သလိုဒေါင်းယူပြီးသုံးကြည့်နိုင်ကြပါတယ်။ ဖိုင်လေးကို ဒေါင်းပြီးဖြေလိုက်ပါ အထဲမှာ Keygen ပါပါတယ်။

Download Here For Portable Uninstaller.

Portable မို့လို့ သူကို အင်စတောလုပ်စရာမလိုပါဘူး ... ဖိုင်လေးကို Double Click လုပ်ပြီး key တောင်းတဲ့
box တခုတတ်လာရင် ကီး ထည့်ပေးလိုက်ပါ။ User name မှာတော့ ကိုယ့်နှစ်သက်ရာပေးလိုက်ပါ။အားလုံးပြီး သွားပြီးဆိုရင် ကိုယ့်စက်မှာ install လုပ်ထားတာတွေကို တွေ့မှာပါ အဲမှာ ကိုယ်မလိုချင်တာတွေ ဖြုတ်နိုင်ပါပြီး။ ကိုယ်အသုံးမလိုတဲ့ Software တွေကို Click or Check လုပ်ပြီး ထောင့်နားက Uninstall ဆိုတာကို ကလစ်ပေးလိုက်ရင်ရပါပြီး။

အကယ်၍ Fileden ကဒေါင်းတာ အဆင်မပြေသူများအတွက် ဒီနေရာကနေဒေါင်းလုပ်လုပ်ကြည့်ပါ။

Download Here.

အဆင်ပြေနိုင်ကြပါစေ....


Read more ►

Monday, April 13, 2009

Window Lock ကို ဖျောက်ထားခြင်း

0 comments
Windows+L keys ဆိုတာ ကွန်ပျူတာကို Lock ချတာပါ..XP နဲ့ Vista မှာပေါ့...အဲ့ဒါကို Disable/Enable လုပ်ချင်ရင် လုပ်ဆောင်နည်းလေးပါ။
တချို့ အလုပ်ထဲက..နေ ဂျီတော ( သို့ ) တခြား ချတ်ရွမ်းတွေမှာချတ်ကြတာဆိုရင်... ချက်ချင်းပိတ်ဘို့ခက်
တာကိုး... ဒါကို တခြားသူမသိစေချင်ရင် Window Key + L ကို ကလစ်လိုက်တာနဲ့ ကွန်ပျူတာက Lock
ဖြစ်သွားပါတယ်... ဒါကို အရင်ဝင်တဲ့ စကားဝှက်ပြန်ရိုက်ထည့်ပြီး ၀င်မှရတာပါ.. အဲတခုတော့ရှိတာပေါ့နော်
အရင် ဖွင့်ထားတဲ့ ၀င်းဒိုးတွေတော့မပိတ်သွားဘူးလေ... စက်ကို.. အရင် Log in ၀င်သလိုပုံဘဲမြင်နေရတာ
ကိုး....

ဒါကို မနှစ်သက်လို့.. Lock ကို ဖျောက်ထားချင်တယ်ဆိုလဲ ရပါတယ်။ အောက်ကတိုင်း အဆင့်ဆင့်လုပ်ဆောင်ပေးသွားလိုက်ပါ။


  • Start menu search box (သို့) Run box ကိုဖွင့်ပြီး regedit.exe လို့ရိုက်ထည့်လိုက်ပါ။
  • Registry Editorပေါ်လာရင် အောက်ပါအတိုင်းအဆင့်ဆင့်သွားပါ...
HKEY_CURRENT_USER>>>Software\Microsoft>>>Windows>>>CurrentVersion>>>Policies>>>System

  • ရောက်ပြီဆိုရင် ညာဘက်မှာ new DWORD 32-bit တစ်ခုလုပ်ပေးလိုက်ပါ။
  • Disable Lock Workstation နဲ့ value ကို 1 လို့ ပေးလိုက်ပါ..အဲ့ဒါက Disable အတွက်ပါ။
  • Enable အတွက်ဆိုရင် Enable Lock Workstation ၊ value က 0 (သုည)လို့ထားလိုက်ရုံပါပဲ..

Read more ►

Pages

Search This Blog

Recent posts from Lab of Web

 

Copyright © Thanlwinthar'blog Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger